မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၁၉-၅-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ(မကွေး)(၁၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀/-)(၃၀၀၀/-)၊နှမ်းနီ(၁၀၀၀/-)ကျပ် စျေးကျကာ ကျန်နှမ်းစျေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၀၀ မှ ၂၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၉-၅-၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံနီ(သစ်) (၃၀၀/) ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၉-၅-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံဖြူ(လိုင်း)(၁၀၀/-) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)(၂၀၀/-)၊ မြေပဲလုံးဆံနီ (လိုင်း)(၁၀၀/-)ကျပ်စျေးကျကာ၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၉.၅.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀/-) ကျပ်စျေးကျပြီး နှမ်းဆီ၊မြေပဲဆီ စျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။